Whoam I?

ကိုယ်ရေးအကျဉ်းနှင့် အတွေ့အကြုံများ

Profile

ကိုယ်ရေးအကျဉ်း

ဒေါ်စုစုလှိုင်သည် ၁၉၇၁ ခုနှစ်တွင် အဖဦးနိုင်အေး၊ အမိဒေါ်မြသောင်းတို့မှ မွေးဖွားခဲ့ပြီး သားသမီး (၅) ဦးအနက် တတိယမြောက်သမီးဖြစ်ပါသည်။

၁၉၉၄ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တက္ကသိုလ်၍၌ သင်္ချာဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၀၂ ခုနှစ်နိုဝင်ဘာလတွင် (Dip.DS) Diploma in Development Studies ကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မတ်လတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပေးအပ်သော ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (MDevs) Master of Development Studies ကိုရရှိခဲ့ပါသည်။ Master of Development Studies Development of Security Services in Myanmar ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဓလိက လုံခြုံရေး ဝန်ဆောင်မှုနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ချိတ်ဆက်ကာ သုတေသန ပြုလုပ်နိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ Diploma of Political Science (Dip P.S) ကို ရရှိခဲ့ပါသည်။

Master of Development Studies (MDevS)

Yangon University of Economics, 2013. Thesis: Development of Security Services in Myanmar

Diploma in Development Studies (Dip.DS)

November 2002

Diploma of Political Science (Dip P.S)

2018

Bachelor of Science (Mathematics)

University of Yangon, 1994

Community

အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားမှု

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးအသီးရေးရာအဖွဲ့ ပုဇွန်တောင်မြို့နယ် ဥက္ကဌအဖြစ် (၁) နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တိုင်း လူမှောင်ခို လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တွင် အမှုဆောင် အဖြစ်မှ အတွင်းရေးမှူးအထိ (၈) နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Winning Humanitarian Development Foundation WHDF ကို တည်ထောင်သူ ဥက္ကဌ တစ်ဉီးအဖြစ်လည်းကောင်း၊ ပုဂ္ဓလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအသင်း (PSSA) ၌ ဥက္ကဌအဖြစ် (၂) နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်တွင်း လူမှုရေးအဖွဲ့များ၊ စီးပွားရေးဆိုင်ရာ Economic & Organization Development တွင် အကြံပေးအဖြစ်လုပ်ကိုင်ခဲ့ပါသည်။

Local NGO များတွင် Motivation Training များ၊ စီးပွားရေးနင့်လူမှုရေးဆိုင်ရာ၊ ခေါင်းဆောင်မှုပညာ Women Empowerment များအတွင် သင်တန်းများပို့ချခြင်း၊ အကြံပေးခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။

International

ပြည်ပနိုင်ငံအတွေ့အကြုံနှင့် Scholarship

၂၀၀၈ ခုနှစ်တွင် တရုတ်ပြည် အမျိုးအသီးများဖွံ့ဖြိုးမှုဆိုင်ရာ Program Fellowship For Women Development Program (China 2008) သို့တက်ရောက်ခဲ့ပါသည်။ ၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့သွားရောက်ပြီး လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းနှင့် CCTV လုပ်ငန်းများကို သွားရောက်လေ့လာခဲ့ပါသည်။ Singapore နိုင်ငံနှင့် Japan နိုင်ငံများတွင်လည်း ပုဂ္ဂလိက လုံခြုံရေး သင်တန်းများ ပို့ချခြင်းနှင့်လုပ်ငန်းများ လုပ်ကိုင်မှုကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Economic Empowerment Program EEP Fellowship Fall 2014 USA အမေရိကန်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်မှု မြှင့်တင်ရေးပညာသင်ဆုကို ရရှိခဲ့ပြီး အမေရိကန် နိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုးမှုပညာကို သင်ကြားခဲ့ပါသည်။ အမေရိကန် နိုင်ငံတွင် Security & Fire Safety နှင့်ပတ်သက်သော သင်ခန်းစားများကို စာတွေ့လက်တွေ့လာသင်ယူနိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ Ministry of Commerce မှ ရွေးချယ်သော မြန်မာနိုင်ငံ စွန့်ဉီးတီထွင်လုပ်ငန်းရှင်များ ၃၀ ဉီး၏ ပထမဆုံး အပတ်စဉ်တွင် ရွေးချယ်ခံရပြီး ထိုင်းငံနိုင်ငံ၌ စီးပွားရေးပညာရပ်နှင့် လူမှု့စီးပွားရေး ကွန်ယက်တည်ဆောက်ခြင်း အစီအစဉ် Yong Entrepreneur Network Development Program YEN-D ကို တက်ရောက်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် မလေးရှားနိုင်ငံ၌ ပြုလုပ်သည့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များထိပ်သီး အစည်းအဝေး YSEALL summit စီးပွားရေးရာ စွမ်းဆောင်ရည် မြင့်မားရေးအခန်းကဏ္ဏကို တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံတွင် CLMVT (Cambodia, Laos, Myanmar, Vietnam, Thailand) ၅ နိုင်ငံ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ သင်တန်းတက်ရောက်ရန် ပထမဉီးဆုံး အမှတ်စဉ်တွင်ပါဝင်ခဲ့ပါသည်။

Literature & media

စာပေ၊ ဂီတ၊ အနုပညာ

၁၉၉၂ ခုနှစ်မှ စ၍ နိုင်ငံပိုင် သတင်းစာများ၊ ဂျနယ်များတွင် ဆောင်းပါးများကိုရေးသားခဲ့ပါသည်။ ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ဝတ္ထုတို၊ ဆောင်းပါးတိုများကို ရေးသားခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် လောက၌အကောင်းဆုံးသော အမွေဟူသော အမည်ဖြင့်စာအုပ်ကို ပထအကြိမ်ထုတ်ဝေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ်ထုတ်ဝေခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Radio Program ၌ ၁၂ လ ရာသီပွဲတော်များအကြောင်းကို ၁၂ လတိုင်တိုင်ပြောကြားခဲ့ပါသည်။ MRTV Program ၌ အမျိုးသမီးကဏ္ဏအကြောင်းအရာများကိုလည်း ဆွေးနွေးပို့ချခဲ့ပါသည်။

Su Su Hlaing

ပိုမိုသိရှိလိုပါသလား?

ဆက်သွယ်ရန် အီးမေးလ် သို့မဟုတ် Facebook မှတစ်ဆင့် စာပို့နိုင်ပါသည်။

Get in touch