ါလည်းတစ်ဖြာ စိမ်းလည်းတစ်ခက်
ဖူးဖူးရယ်ငုံ တွဲရရွဲအစီအရီနဲ့
အလှထူး ဘယ်မယှဉ်နိုင်ဘု
ရဟန္တာ စျန်ပင်လျောစေတော့
လမ်းတလျောက် သင်းကာနွဲလေတဲ့
ပန်းပိတောက်မင်း တဲ့လား ။
ပိတောက်သစ္စာ မပျက်ယွင်းတာပ
သခင့်အပါး ခစားရန် အဆင်သင့်စေဖို
နွေနေပူ ဘယ်မမှုပါဘူး
အန်တု၍ ပွင့်ရှာသူ …။
ကိုဗစ်ရယ် ကမ္ဘာပတ်လေတော့
မယ်ပိတောက် မမော်ကြွားနိုင်ဘူး
ငြိုးမျက်မာန် အသာချလိူ
ပင်မြင့်ယံ ဟိုး …အထက်ဆီက
သခင့်ခြေသံ နားစွင့်မျှော် ….။
တသက်မမျှော် ခဏတာခစား
သူ့အပါး တထောက်မနားသွားချင်ရဲ့
သခင့်အလိုကျ ဝတ်တွား ခစားချင်ပါလျက်
ကွယ် . . . . ဒီနှစ်မတော့
ခူးသူမဲ့ ပန်း နမ်းသူမဲ့ရနံ့ တွေနဲ့
သခင်မဲ့တဲ့ ပန်း ။
မကံ့ကော်
( ၂၀၂၀ ကနေ ၂၀၂၂ အထိ ပန်းပိတောက်တွေ သခင်မဲ့သော နှစ်များဆီသို )