ငြမ်း မဖြစ်ပါ
လမ်းသစ်ကယ်ဖောက်
တံတားဆောက်စေဖို
နိုင်ရာဝန်ထမ်း
ခရီးမပမ်းရအောင်
လက်ကမ်းကာ ဆွဲထူ
စူညှောင့်တွေ ကျမဖယ်လို
ပန်းခင်းရာ ဟိုမှာဘက်ဆီသို
မွှေးရနံ့တွေ ကြူကြူသင်းစေမကွဲ
လို အပ်လျင် ကျမကျော …
နင်းကာသွားပေရော့
ခင်းပေးမယ် ပွင့်ဖတ်လေးတွေနဲ့
အိုကွယ် ရဲရဲလျောက်လှမ်း ။
မကံ့ကော်